ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

မိုင်းယောင်းမြို့နယ်တွင် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီခွဲက ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ရေစကြိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။

ပြင်ဦးလွင်ခရိုင်တွင်  ၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ ၂၃ ရက်မှ စတင်ကာ ကျောင်းများအပ်နှံခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား‌ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၃၁)ရက်‌ နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် တောင်ရပ်ကွက်နှင့် ပျဥ်းပင်စမ်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၂)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန် ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။

လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကျင်းပ

၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ပြီးဇွန်(၂)ရက်နေ့ နံနက်(၉)နာရီက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။

လောက်ကိုင်‌မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊  သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များအနေဖြင့် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့မယာယီ ပျိုးဥယျာဉ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီသော အပင်များဖြစ်သည့် ရေသင်းပင်၊ မယ်ဇလီပင်၊ ပယ်ပင် စသည့် ပျိုးပင်ပေါင်း (၇၅၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
Subscribe to