အလုံ ဇွန်လ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ဉီးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး၊ ပိုလီယို ထိုးဆေး၊ ဂျပန်ဉီးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ (ဉီးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေး(၁၆) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၂)ဦး၊ စုစုပေါင်း (၁၈)ဦး အား ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ရက်နေ့မှ ၇ ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် နံနက် ၉နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ ဆက်)