မိုင်းဆတ် ဇွန် ၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို အေးချမ်းစွာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့ပေါ်ရှိ ကျောင်းများ၌ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုအခြေအနေကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ခရိုင်ပညာရေးမှူးဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)