ငပုတော ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ထို့နောက် ကျောင်းဝန်းအတွင်းလှည့်လည် ကြည့်ရှုကာ ကျောင်းရှိတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျောင်းသား/သူများအတွက် သောက်ရေသုံးရေ အဆင်ပြေမှုရှိစေရေး၊ စာသင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသန့်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ စနစ်တကျ သန့်ရှင်းသန့်ရပ်စွာ ထားရှိရေးတို့ကို မှာကြားခဲ့ပြီးလိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အောင်သူ (ပြန်/ဆက်)