တုံတာ ဇွန် ၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် တုံတာမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ကြသည်ကို တွေ့ရသည်။
ထိုသို့ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပညာရေးဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်များ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး တုံတာမြို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ် မေလ ၂၃ ရက်မှ ၃၁ ရက်ထိ ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ၅၉၃ ဦး ရှိကြောင်း သိရသည်။
အဲန်းမေရီ