ကန်ကြီးထောင့် ဇွန် ၂
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကံရွာကျေးရွာအုပ်စု ကံရွာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေး ဦးကျော်သိန်း၊ အဖွဲ့ဝင် ရဲမှူး စိုးကြည် ဦးဆောင်သည့် ဌာနဆိုင်ရာများက ဒေသခံ ပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးချိတ်မီးကပ်များ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့ လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ်အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်ရေး၊ Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)