ကျောက်ကြီး ဇွန် ၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနစီမံမှုဖြင့် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား နတ်သံကွင်းဒေသကျေးလက် ကျန်းမာရေးမှူးနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နတ်သံကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက် (၁)နှစ်ခွဲအောက် ကလေးငယ်(၇၂)ဦးအား ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းအား မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်အတွင်း (၁)လ (၁)ကြိမ် ပုံမှန်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးများမှာ ကိုယ်ဝန်ဆောင်မိခင် မေးခိုင် ကာကွယ်ဆေး၊ အသက် (၁)နှစ်ခွဲအောက် ကလေးများအား (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးစသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြို့နယ် (ပြန်/ ဆက်)