လှည်းကူး ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို ဇွန်လ (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၌ စက်မှုဘာသာရပ် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၆၁)ဦး၊ စိုက်ပျိုးရေးဘာသာရပ် တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ မွေးမြူရေးဘာသာရပ် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး စုစုပေါင်း (၈၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)