ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကန်ကြီးထောင့် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

 ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာကျောင်းတက် နိုင်ရေးအတွက် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းလာပို့သည့် ကျောင်းသားမိဘများနှင့် တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ စာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်မှုရှိ၊ မရှိ စစ်ဆေး၍ စာသင်ခန်းများ၌ လို့အပ်သည်များ မှာကြားဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းအပြင် လုံခြုံမှုရှိစေရေး စီမံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် အထက (၁၃)ကျောင်း၊  အထက(ခွဲ)   (၁၆)ကျောင်း၊ အလက (၁၇)ကျောင်း၊ အလက(ခွဲ) (၁၁)ကျောင်း မူလွန် (၁၆)၊ အမက (၁၁၉)ကျောင်း  အမက(ခွဲ) ကျောင်း (၂)  ဘုန်းတော်ကြီး ပညာသင်ကျောင်း(၅)ကျောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၁) ကျောင်း စုစုပေါင်း  အခြေခံပညာကျောင်း   စုစုပေါင်း(၂၀၀)ကျောင်း တို့တွင် ကျောင်းသား‌ ကျောင်းသူ(၃၀၃၉၅ )ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)