နမ့်ခမ်း ဇွန် ၂
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အား ပြည်သူများသိရှိနိုင်စေရန်နှင့် “ကမ္ဘာမြေကြီးသာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် (၉) နာရီအချိန်က အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များကို အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိရာ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သိရှိနိုင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို လေးစားထိန်းသိမ်းကြစေရန်၊ သစ်တော၊ သစ်ပင်ကို ချစ်မြတ်နိုးသူများ ဖြစ်လာပြီး ထိန်းသိမ်းစောင့်ရှောက်ကြစေရန်၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြစေရန်၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာရေးသည် လူတိုင်းနှင့်သက်ဆိုင်သည့်အတွက် မဖြစ်မနေဆောင် ရွက်ကြစေရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဓာတ်ပုံများ၊ အသိပညာပေးစာစောင်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ယင်းနောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးမိုင်းဆိုင်ထွန်းက ကျောင်းသားလူငယ်များအား ပတ်ဝန်း ကျင်ကောင်း၌ နေထိုင်ကြရမှသာ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ကပေးအပ်ထားသော မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ပျက်ယွင်းစေမည့် အပြုအမူ များအား အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)