သီပေါမြို့အတွင်း၌ သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး စုပေါင်းရှင်းလင်းဆောင်ရွက်

သီပေါ ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ (၂:၁၅) နာရီအချိန်ခန့်က မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့်  သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် စိန်ပန်းပင်၊ ဈေးရပ်ကွက်တွင်ပိတောက်ပင်၊ ပန်းတိမ်မြောက်ရပ်ကွက်တွင်ကျွန်းပင် ပိတောက်ပင်၊ ကျွန်းပင်များ စသည့်သစ်ပင်ကြီးများကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ စိတ်အနှောက်အယှက်မဖြစ်စေရန်၊ ခရီးနှောင့်နှေးကြန့်ကြာမှုမရှိစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် အချိန်မီသွားရောက် ရှင်းလင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)