ပဲခူး ဇွန် ၂
ပဲခူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသည် ပဲခူးမြို့နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မေလမှစတင်ကာ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရှိရသည်။
ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မေ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၄ အုပ်စုမှ လယ်သမား ၁၂၈ဦး၊ လယ်ဧက ၈၂၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၁၂၃၉ )သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ပဲခူးခရိုင်ဘဏ်ခွဲအနေဖြင့် အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၉၀၊ လယ်မြေဧက(၆၁၈၇၁)အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၉၂၈၀၆ ဒသမ ၅၀)သိန်းအား စက်တင်ဘာလအကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)