မိုင်းလုံ ဇွန် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်၍ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပျော်ရွင်ရွင်ဖြင့် ယမန်နေ့နံနက်ပိုင်းမှစ၍ စတင် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၃၁.၅.၂၀၂၃)ရက်နေ့အထိ ကျောင်းအပ်လက်ခံရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအထိ ကျောင်းသား(၂၉၅)ဦး၊ ကျောင်းသူ(၄၀၄)ဦး၊ စုစုပေါင်း(၆၉၉)ဦး လာရောက်အပ်နှံကြပြီး ယနေ့တွင် ကျောင်းတက်ဦးရေ (၆၄၃)ဦးရှိပြီး ပျက်ကွက်ဦးရေ (၅၆)ဦးရှိကြောင်းကို ကျောင်းတာဝန်ခံ ဆရာမထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)