ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်း စတင်ဖွင့်လှစ်

ပုဗ္ဗသီရိ ဇွန် ၂

ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်း‌၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းကို ယနေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် စက်မှုဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၈၁ ဦး၊ စိုက်ပျိုးရေးဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၂၇ ဦး၊ မွေးမြူရေးဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ စုစုပေါင်း ၁၂၄ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊မွေး မြူရေးအထက်တန်းကျောင်းကို  Grade – 9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူမည်သူမဆို တက်ရောက်သင်​ကြားနိုင်ပြီး သုံးနှစ်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းဆင်းအောင်လက်မှတ်ရရှိပါက သက်ဆိုင်ရာဌာနအသီးသီးသို့ အလုပ်လျောက်ထားနိုင်ခြင်း ပုဂ္ဂလိကလုပ်ငန်းများသို့ လုပ်ငန်းဝင်ရောက်နိုင်ခြင်း၊ ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် တက္ကသိုလ်များ သိပ္ပံများကို ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)