တိုက်ကြီးမြို့နယ်သာသနာ့ဗိမာန်တော်တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကျင်းပ

တိုက်ကြီး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကို ယမန်နေ့က တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်း မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲတွင် ပါရာဇိကဏ် ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၄၂) ပါး၊ သီလက္ခန် ဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ သံဃာတော် () ပါး နှင့် ဧကတမှ စတုဉက္ကနိပါတထိ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ သံဃာတော် () ပါး စုစုပေါင်း သံဃာတော် (၄၆) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာဖြေသံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဩဝါဒစရိယဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး စာဖြေသံဃာတော်များအား စေတနာရှင်အလှူရှင်များက ရေသန့်၊ အအေးနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)