လောက်ကိုင်‌ဒေသ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက် ပညာသင်ယူလျက်ရှိသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၊ တောင်လှမော်ကျေးရွာများအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိနှင့် စေတီတောင် ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

လူငယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ

ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် အခြေခံပညာကျောင်းများနှင့်ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ (၁) ရက်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသားကျောင်းသူများ စတင်တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့၌ မိုခါမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် နေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မိုခါမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် နေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် အလှူငွေထည့်ဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုမှ အခြေခံပညာကျောင်းပေါင်း ၈၁၈ ကျောင်း၌ တက်ရောက်ပညာသင်ကြားသူပေါင်း ၁၁၁၀၀၀ ကျော်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူ/လယ်/ထက် အခြေခံပညာကျောင်းများအားလုံးကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်ပညာသင်ကြားသူပေါင်း ၁၁၁၀၀၀ ကျော်ရှိကြောင်း မင်းဘူးခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းယုမြို့၌ မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်း၍ အထွန်းနှုန်းကောင်းသော စပါးများနှင့်သီးနှံများရရှိစေရန် ရည်ရွယ်၌ မိုးစပါးမျိုးသန့်မျိုးစေ့များနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တာလေမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၂၈၁၆)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၂၈၁၆)ဉီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်ရှိရာ ကျောင်းသား/သူများ ပျော်ရွှင်စွာလာရောက်သင်ကြားလျက်ရှိကြောင်း  သိရသည်။
Subscribe to