သာပေါင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဦးလင်းကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီအတွင်း ရေးမှူးဦးဝင်းစိုးကမျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းစိုး၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်(၁၀၀)သန်း၊ မွေးမြူရေးကဏ္ဍအတွက် ကျပ်(၄၂)သန်း၊ ငါးမွေးမြူရေးကဏ္ဍအတွက်(၁၆.၅)သန်း၊ သမဝါယမကဏ္ဍအတွက် ကျပ်(၂၀)သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် ကျပ်(၄၅)သန်း၊ MSMEsကဏ္ဍအတွက်ကျပ် (၂၆.၅) သန်း၊ ပေါင်း(၂၅၀)သန်းတို့ကို ဂဏ္ဍအလိုက်အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)