မူဆယ် ဇွန် ၉
၂၀၂၃ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းထုတ်ပြန်ကြေညာလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနကျောင်းတွင် ယနေ့နံနက်(၆း၀၀)နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထွက်ရှိခဲ့ပါသည်။
မူဆယ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုကျောင်းသား/သူ(၁၃၅)ဦး၊ ပြင်ပမှဖြေဆိုသူ(၁၃၈)ဦးနှင့် ကျောင်းသား/သူစုစုပေါင်း(၂၇၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး(၂၁၄)ဦး အောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၇၈.၃၉ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ ယခင်နှစ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူ(၃၀၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၆၉)ဦး အောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၅၅.၇၈ ရာခိုင်နှုန်းရှိခဲ့၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်သည် ၂၂.၆၁ ရာခိုင်နှုန်း တိုးတက်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာအသံရေဒီယိုအစီအစဉ်မှလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)