ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဖြေဆိုအောင်မြင်မှု ၇၈ ဒသမ ၄၂ ရာခိုင်နှုန်း အောင်မြင်

ပွင့်ဖြူ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုစာရင်းရှိ ကျောင်းတွင်းဖြေဆိုသူ ၄၀ ဦး၊ ပြင်ပဖြေဆိုသူ ၆၀၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၄၁ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရကာ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား ၁၆၉ ဦး၊ ကျောင်းသူ ၃၀၃ ဦး၊ စုစုပေါင်း ၄၇၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၇၈ ဒသမ ၄၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်မှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊  လေးဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂၄  ဦးရှိပြီး ရိုးရိုးအောင်မြင်သူ ၂၃၄ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)