မင်းလှ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၇)၊ ပြည်တော်သာရပ်ကွက် အတွင်းရှိနေအိမ်များ၌ အဘိတ်ဆေးခတ်ပေးခြင်းနှင့် အသိပညာပေးပြောကြားခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်း၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းပြီးအဖွဲ့ခွဲ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုး ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့်ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ပေါက်စ(မင်းလှ)