သာပေါင်းမြို့နယ်အတွင်းရှိ မူကြိုကျောင်းများ သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်ခြင်း၊အဘိတ်ဆေးခတ်ခြင်းများ စဉ်ဆက်မပျက်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

သာပေါင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စုနှင့် အောင်တပ်ကျေးရွာအုပ်စုများရှိ မူကြိုကျောင်းများတွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ယမန်နေ့ ၈ ရက်နေ့တွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများစဥ်ဆက်မပျက် ဆောင်ရွက်ပေးနေလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်‌ဇော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteerတို့က ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာ၊ ရောင်ခြည်သစ် မူကြိုကျောင်းနှင့် အောင်တပ်ကျေးရွာအုပ်စု၊ ဖဲကုန်းကျေးရွာ၊ ပန်းဖူးဝေမူကြိုကျောင်းပတ်ဝန်းကျင်ရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး၊ ဖုံးသွန်လဲစစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သောတာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး မူကြိုကျောင်းပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှုမရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ‌ စဉ်ဆက်မပျက်အရှိန်အဟုန်ဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)