ငပုတောမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ယူဆောင်ရွက်နိုင်ရေးနှင့် ယခင်နှစ်ထက် သာလွန်စွာ ဆောင်ရွက်နိုင်ရေး၊ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့် ပြိုင်ပွဲဝင်များအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦးက ယခင်နှစ် အတွေ့ အကြုံများကို ရှင်းလင်းတင်ပြပြီးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။

အောင်သူ (ပြန်/ဆက်)