မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မင်းလှ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများကို ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ  ယနေ့က မြို့နယ်ပညာ ရေးမှူးရုံးနှင့် အ.ထ.က(မြို့ပြင်)၊ အ.ထ.က(စစ်ကွင်း) ကျောင်းတို့တွင်  ကြေညာကပ်ထား‌ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၃ နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း) စာစစ်ဌာနတို့ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၃၄၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာအနက် (၂၃၉)ဦး အောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း(၆၈.၈၈)ရရှိပြီး၊ ၅ ဘာသာ(၁)ဦး၊ ၄ ဘာသာ(၁) ဦး၊ ၃ ဘာသာ(၉)ဦး၊ ၂ ဘာသာ (၁၄)ဦး၊ ၁ ဘာသာ (၄၉) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၉ ရက်နေ့ နံနက်အချိန်က စတင်ထုတ်ပြန် ကြေညာထားခဲ့ပြီး၊ မင်းလှမြို့နယ်အ‌နေဖြင့် အောင်စာရင်းကပ်ထားကြေညာခြင်းကို ဇွန်လ ၉ ရက်နေ့ နံနက်(၆)မှ စတင်၍ ညနေ(၄) နာရီထိ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ပေါက်စ(မင်းလှ)