လဲချား ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက အ-ထ-က(လဲချား)ကျောင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လဲချားမြို့နယ်တွင် (၂၀၂၂-၂၀၂၃) တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က(လဲချား)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၄)ဦး၊ ကျောင်းသူ(၄၄)ဦး၊ စုစုပေါင်း(၅၈)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ ကျောင်းသား (၇)ဦး၊ ကျောင်းသူ (၂၇)ဦး စုစုပေါင်း (၃၄)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၆၅.၃၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)