တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာနှုန်း(၇၅.၄၄)ရှိ

တောင်တွင်းကြီး ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်းနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစ၍ ထုတ်ပြန်ထားကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၁၈၁)ဦးရှိသည့်အနက်(၈၉၁)ဦးအောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း(၇၅.၄၄)ရှိခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၇၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၂၄)ဦး၊ စုစုပေါင်းဂုဏ်ထူးရဦးရေ(၃၅၇)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဂုဏ်ထူးရသူ(၃၅၇)ဦးအနက် ဘာသာရပ်အလိုက် ဂုဏ်ထူးရသူဦးရေမှာ(၅၈၈)ဦးဖြစ်ပြီး မြန်မာစာဂုဏ်ထူးရှင်(၉)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူးရှင်(၁၁)ဦး၊ သင်္ချာဂုဏ်ထူးရှင်(၄၈)ဦး၊ ဓာတုဗေဒဂုဏ်ထူးရှင်(၅၀)ဦး၊ ရူပဗေဒဂုဏ်ထူးရှင်(၉၉)ဦး၊ ဇိဝဗေဒဂုဏ်ထူးရှင်(၁၆၁)ဦး၊ ပထဝီဝင်ဂုဏ်ထူးရှင်(၂၈)ဦး၊ သမိုင်းဂုဏ်ထူးရှင်(၁၂)ဦး၊ ဘောဂဗေဒဂုဏ်ထူးရှင်(၁၇၀)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)