ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် အောင်မြင်

ပုဗ္ဗသီရိ ဇွန် ၉

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ၆၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၉၀၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉ ဦး၊   သုံးဘာသာဂုဏ်ထူးရှင် ၉  ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂၃  ဦး၊ စုစုပေါင်း ၁၈၉ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ရိုးရိုးအောင်မြင်သူ ၃၉၀ ဦး၊ စုစုပေါင်းအောင်မြင်သူ ၅၇၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်မြင့်(ပုဗ္ဗသီရိ)