ဂွ ဇွန် ၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မိုးရာသီကာလအတွင်း လှူဖွယ်ဝတ္ထုများ ပိုမိုပြည့်စုံ လုံလောက်မှုရှိစေရန်အတွက် မကျေးငူကျေးရွာရှိ မင်္ဂလာရာမ တောင်ပေါ်ကျောင်းနှင့် ရွာမရပ်ကွက်ရှိ ညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဝန်ထမ်းများက မကျေးငူကျေးရွာရှိ မင်္ဂလာရာမ တောင်ပေါ်ကျောင်းရှိ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ဆီ၊ဆပ်ပြာ၊ဆေး၊စားဖွယ်နှင့်နဝကမ္မဝတ္ထုငွေများလှူဒါန်းခဲ့ပြီး ရွာမရပ်ကွက်ရှိ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သီလရှင်များအား ဆန်၊ဆီ၊ ဆပ်ပြာ၊ဆေး၊စားဖွယ်နှင့်နဝကမ္မဝတ္ထုငွေများကို စုပေါင်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်