တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၆၇ ဒသမ ၃၀ ရာခိုင်နှုန်း အောင်မြင်

တပ်ကုန်း ဇွန် ၉

၂၀၂၃ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက  ထုတ်ပြန်ကြေညာခဲ့ရာ  အောင်ချက် ၆၇ ဒသမ ၃၀ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုသူပေါင်း ၈၄၁ ဦး၊ အောင်မြင်သူ ၅၆၆ ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ဒသမ ၃၀ အောင်မြင်ခဲ့ပြီး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်  ၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း သိရသည်။

တင်စိုးလွင်