ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကြံခင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက် (၃)ခုအတွင်းရှိ အသက်(၁၅) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ရွှေပြည်အေး(၁၁) ထပ်ဘုရားကြီးဆေးထိုးစုရပ်နှင့်  မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ဆေးထိုးစုရပ်တွင် ထိုးနှံ ပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့၊  မြို့နယ်ကျန်းမာရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက်  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်ချက် နှင့်အညီ ဆေးထိုးစုရပ်(၂)ခုတွင် အသက်(၁၅)နှစ်နှင့် အထက် ထိုးနှံရန် ကျန်ရှိသော ပြည်သူ များကို  (ပထမ)အကြိမ်(၃)ဦး၊ (ဒုတိယ) အကြိမ်(၈)ဦး၊  (Booster Dose) ထိုးနှံသူ(တတိယ) အကြိမ် (၃၇)ဦးနှင့် (စတုထ္ထ)အကြိမ် (၁၄၇)ဦး စုစုပေါင်း(၁၉၅)ဦးအား ကာကွယ်ဆေး ထိုးနှံပေး ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၅) နှစ်နှင့်အထက် ပြည်သူများအားကာကွယ် ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊  ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)