ဥတ္တရသီရိ ဇွန် ၉
၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း ၅၉ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၆ ခုတွင် ကျောင်းသားကျောင်းသူ ၃၄၉ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၉ ဦး၊ စုစုပေါင်း ၉၁ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ရိုးရိုးအောင်မြင်သူ ၁၁၆ ဦး၊ စုစုပေါင်းအောင်မြင်သူ ၂၀၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)