နောင်ချို ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့နံနက် ၆ နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ (၇၈.၁၇)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုဖြင့် ထားရှိဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၃၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း(၉၅.၂)ရာခိုင်နှုန်းရှိခဲ့ကာ (၃၀၈)ဦး အောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း (၇၈.၁၇)ရာခိုင်နှုန်း အောင်မြင်ကြောင်း၊ ၅ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ ၃ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ ၂ဘာသာဂုဏ်ထူးရှင် (၃၆)ဦး၊ ၁ဘာသာဂုဏ်ထူးရှင် (၈၃)ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)