အ-ထ-က (ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ရွှေသောင်ယံ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း များကို ယနေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းကော်မတီ များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ရွှေသောင်ယံစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူ (၆၃)ဦးရှိပြီး ယခုအခါ အောင်မြင်ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၆၃.၄၉) ရာခိုင်နှုန်းရှိသည်။ အဆိုပါ အောင်မြင်သူများအနက် (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၆)ဦးရှိခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)