ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု မြင့်မားရေးဆိုင်ရာ ကွင်းဆင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘိုးသာအောင်ကုန်းနှင့် ပျဉ်းပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် (၇၁ ဒသမ ၀၇) ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးမွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန် ကြေငြာပေးခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ အောင်ချက်(၇၁ ဒသမ ၀၇)ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။

မံစီမြို့နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း ယခင်နှစ်များထက်မြင့်မားလာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၏ အောင်မြင်မှုရာခိုင်နှုန်း (၆၁ ဒသမ ၁၈) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှု ရာခိုင်နှုန်းမြင့်မားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) သို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဆွေးနွေဟောပြော

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ဇွန် (၉) ရက်၊ နံနက်ပိုင်းက ဇေယျာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။

ဗန်းမော်မြို့တွင်မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံကြီး ကလေးအထူးကုသ ဆောင်၌ မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း ၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီခန့်က ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

လူထုအခြေပြုဗဟိုဌာန၌ မိုင်းယန်းလူငယ်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက မိုင်းယန်းလူငယ်အသင်း အလုပ်အမှုဆောင်များမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

(၃၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဆုပေးပွဲနှင့် ပြခန်းများ ခင်းကျင်းပြသနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

နမ္မတူတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်ချီပြိုင်ပွဲကို ယနေ့နက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေဘိုမြို့နယ်တွင်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေးညှိနှိုင်း​ ဆွေး​နွေးပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to