ပခုက္ကူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၆၀ ကျော်အောင်မြင်

ပခုက္ကူ ဇွန် ၉

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများအလိုက် ယနေ့နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ပခုက္ကူမြို့နယ်အတွင်းက ၆၀ရာ ခိုင်နှုန်းကျော်ဖြင့် ဖြေဆိုအောင်မြင်ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၂ ခုတွင် ဖြေဆိုရန်စာရင်းရှိ ၆၈၅ ဦးအနက် ကျောင်းသား၊ ကျောင်းသူ ၅၇၄ ဦး‌ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၃၄၆ဦးအောင်မြင်ကြ‌သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၂၈ ရှိကြောင်း သိရသည်။ အဆိုပါအောင်မြင်သူများအနက် ငါးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၇၈ ဦး၊ စုစုပေါင်း၁၁၈ဦး ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 အလားတူပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၄၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၉၂၉ ဦး အောင်မြင်သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၅၁ ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)