ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

ရေဖြူ  ဇွန်   

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်(၃)ခေါ်ဖြူဖြူဝင်းက အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားအမျိုးအစားဆိုင်ရာ သိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါအကြောင်းအရာများ၊ ကလေးအလုပ်သမားများအားဖယ်ရှား ကုစားမှု လုပ်ဆောင်ချက်သိကောင်းစရာများ၊ ကလေးအလုပ်သမား အဓိပ္ပါယ်နှင့် အသက်အရွယ်အပိုင်းအခြားဆိုင်ရာများ၊ ကလေးအလုပ် သမားများအရွယ်မတိုင်မီ လုပ်ငန်းခွင်အတွင်းရောက်ရှိလာရသည့် အကြောင်းအရင်းများနှင့် အလုပ်ချိန်ကန့်သတ်ချက်ဆိုင်ရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ကလေးအလုပ်သမားများအား စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာဆိုင်ရာထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရန် စသည့်စိတ်ဝင်စားဖွယ် အကြောင်း အရာများဖြင့် အသိပညာ ပေးဆွေးနွေးခဲ့သည်။

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး(Talk Show) အစီအစဉ်များကို လစဉ်ရိုက်ကူး၍ Online pageမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ခတ္တာ