၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန် ပင်လောင်းမြို့နယ်တွင် အောင်ချက်(၇၄)ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ယမန်နေ့နံနက် ၅ နာရီက ပင်လောင်းမြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ အသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်စာရင်းများ ထွက်ရှိ

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက်(၄:၀၀)နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထွက်ရှိခဲ့ပါသည်။

ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း(၇၈.၂၈)ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(ထန်းတပင်) စာစစ်ဌာနတို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းများကို ထုတ်ပြန်ခဲ့ရာ အောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့် (၇၈.၂၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာဖြေဆိုအောင်မြင်မှု ၇၆ ဒသမ ၀၃ ရာခိုင်နှုန်းအောင်မြင်

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မင်းတုန်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၈၀.၉၅)ရာခိုင်နှုန်း အောင်မြင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက် (၆)နာရီက အခြေခံပညာအထက်တန်း (မင်းတုန်း)တွင် ကပ်ထားကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပေး နှိုးဆော်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှု ပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကျိုင်းလပ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်​၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်သည်။
Subscribe to