၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းကုန်းမြို့၏ အောင်ချက်ရာခိုင်နှုန်း ၆၈.၇၂% ဖြစ်

ကျောင်းကုန်း ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများ ယနေ့နံ နက် ၆ နာရီအချိန် ထုတ်ပြန် ပေးလျက်ရှိရာ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၏ အောင်ချက် ရာခိုင်နှုန်း ၆၈.၇၂% ဖြစ် ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်၌ (၄)ဘာသာဂုဏ် ထူးရှင်(၈))ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၇၂)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၇၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၂၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန web- site မှ နံနက်(၄)နာရီ အချိန်မှစ၍ ထုတ်ပြန်ပေးလျက်ရှိရာ online မှ ကြည့်ရှုကြပြီး အောင်စာရင်း လာရောက်ကြည့်ရှုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း စာစစ်ဌာန (၁၁)ခု၌ ဖြေဆိုသူစုစုပေါင်း (၇၁၆)ဦးတွင် အောင်မြင်သူ(၄၉၂)ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၈.၇၂% ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)