နေပြည်တော် ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄၃၃ ဦးတို့ဖြေဆိုခဲ့ရာ ၄၁၀၈ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအနေဖြင့် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ ဖြေဆိုသူ ၈၄၁ ဦးရှိပြီး အောင်မြင်သူ ၅၆၆ ဦး၊ ဥတ္တရသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ ဖြေဆိုသူ ၃၄၉ ဦးရှိပြီး အောင်မြင်သူ ၂၀၇ ဦး၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု၌ ဖြေဆိုသူ ၇၅၈ ဦးရှိပြီး အောင်မြင်သူ ၄၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ ဖြေဆိုသူ ၉၀၃ ဦးရှိပြီး အောင်မြင်သူ ၅၇၉ ဦး၊ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ ဖြေဆိုသူ ၁၁၆၆ ဦးရှိပြီး အောင်မြင်သူ ၈၂၆ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ ဖြေဆိုသူ ၉၀၁ ဦးရှိပြီး အောင်မြင်သူ ၄၆၆ ဦး၊ လယ်ဝေးမြို့နယ် စာစစ်ဌာန ၁၀ ခု၌ ဖြေဆိုသူ ၁၃၄၄ ဦးရှိပြီး အောင်မြင်သူ ၈၉၇ ဦး၊ ဒက္ခိဏသီရိမြို့နယ်စာစစ်ဌာန ၂ ခု၌ ဖြေဆိုသူ ၁၇၁ ဦးရှိပြီး အောင်မြင်သူ ၁၂၃ ဦး စုစုပေါင်းစာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၄၃၃ ဦးတို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ၄၁၀၈ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအနေဖြင့် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၇၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၉၈၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၆၄၁ ဦး အောင်မြင်ခဲ့ကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)