ကော့သောင်းမြို့(Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ကော့သောင်း ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာTalk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showဆွေးနွေးပွဲတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မေဇင်ဦးမှ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာသိလိုသည့် အကြောင်းအရာများ အားမေးမြန်းခဲ့ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်စိုး ကသွေးလွန်တုပ်ကွေးရောဂါအဖြစ်များသည့် ရာသီနှင့်ဖြစ်ရသည့်အကြောင်းအရင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန် တုပ်ကွေးအဖြစ်များသည့် အသက်အရွယ်၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ နှိမ်နင်းရေးနည်းလမ်းများ၊ ရောဂါဖြစ်ပွားမှုလျော့နည်း ပပျောက်အောင် ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးအသိသတိရှိရန် ဖြည့်စွက်ပြောကြားချက်များ စသည်တို့ကို Talk Show ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်ကျန်းမာရေးမှူးက  ရုံးဝန်ထမ်းများအား သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ သိသင့်သိထိုက်သည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)