သိန္နီမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၆၁.၈၄ ရာခိုင်နှုန်း အောင်မြင်

သိန္နီ ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊  သိန္နီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်မှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတစ်ခုတည်းဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ထုတ်ပြန်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်အေးချမ်းသာစွာ ကြည့်ရှုလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိန္နီမြို့နယ်မှ  ကျောင်းသား၊ ကျောင်းသူ(၇၆)ဦး ဝင်ရောက်ဖြေဆိုရာ (၄၇)ဦးအောင်မြင်ခဲ့ကြောင်း၊ အောင်မြင်သူများထဲတွင် တစ်ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၉)ဦးရှိပြီး အောင်ချက်မှာ  ၆၁.၈၄ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)