ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခု၌ ဖြေဆိုရာအောင်ချက် (၇၀ . ၈၀) ရာခိုင်နှုန်းရှိ

ဇလွန် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉) ခုတို့၌ဖြေဆိုခဲ့ရာ အောင်ချက် (၇၀.၈၀) ရာခိုင်နှုန်း‌ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျား (၁၇၁) ဦး ၊ မ (၂၄၀) ဦး စုစုပေါင်း (၄၁၁) ဦး ဝင်ရောက်ဖြေဆိုရာ ကျား (၁၁၀) ဦး ၊ မ (၁၈၁) ဦး စုစုပေါင်း (၂၉၁) ဦး

အောင်မြင်ခဲ့ပြီး (၅) ဘာသာဂုဏ်ထူး ၁ ဦး၊ (၄) ဘာသာဂုဏ်ထူး ၂ ဦး ၊ (၃) ဘာသာဂုဏ်ထူး ၄၃ ဦး ၊ (၂) ဘာသာ ဂုဏ်ထူး ၄၇ ဦး ၊ (၁) ဘာသာဂုဏ်ထူး ၆၉ ဦးရရှိပြီး ဂုဏ်ထူးရရှိသူ စုစုပေါင်း (၁၆၂) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇလွန် (ပြန်/ဆက်)\