ကွမ်းလုံမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်

ကွမ်းလုံ ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၆)နာရီအချိန်က ကွမ်းလုံမြို့နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်း (ကွမ်းလုံ)တို့တွင် ထုတ်ပြန်ခဲ့သည်။

ကွမ်းလုံမြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်း/ပြင်ပဖြေဆိုသူ ကျောင်းသား /ကျောင်းသူ (၄၁)ဦးရှိကာ အောင်မြင်သူ(၂၁)ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ကွမ်းလုံတစ်မြို့နယ်လုံးတွင် (၅၃.၆) ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရဘာသာအနေဖြင့် ဘောဂဗေဒဘာသာရပ် တစ်ဘာသာ ဂုဏ်ထူးရှင်(၂)ဦးရှိကြောင်း အခြေခံပညာအထက်ထက်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)