၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မန္တလေး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ကွက်၊ ၂၂×၂၃ လမ်းကြား၊ ၈၉×၉၀လမ်းကြားရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ယမန်နေ့ညနေ ၄နာရီက ၂၀၂၃ခုနှစ် တိုင်းဒေသကြီး/ပြည်နယ်ဖလား အသက် (၁၈)အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ဖိတ်ကြားထားသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ပေါင်းစုံမှ (အမျိုးသား)ဘောလုံးအသင်းများ၊ နည်းပြများ၊ အုပ်ချုပ်သူများ၊  အားကစားဝါသနာရှင်များ၊ ပြည်သူများ စုစုပေါင်း ၁၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းမှ အဖွင့်အမှာစကား ပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်များမှ အားကစားသစ္စာအဓိဌာန်သီဆိုခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်မည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု အသင်းများအား အားကစားပစ္စည်းများထောက်ပံပေးအပ်ခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ်ဖလား အသက် (၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲအား (၈.၆.၂၀၂၃)ရက်နေ့မှ (၂၈.၆.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သိရသည်။

ဇာနည်ကိုကို