အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲ ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေး ဦးစီးဌာနက ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးမှူးရုံး၌ကျင်းပသည်။