နောင်တရားမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၈၀.၁၅ ရာခိုင်နှုန်း အောင်မြင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၈၀.၁၅ ရာခိုင်းနှုန်း အောင်မြင်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာသည်။

တောင်ကုတ်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၄၆၅ ဦးရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့်သက်ဆိုင်ရာစာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တောင်ကုတ်မြို့နယ်၌ အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ကလေးဝမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်း များကို ယနေ့နံနက် ၆ နာရီကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန် အောင်ချက်ရာခိုင်နှုန်း (၆၆.၉၄) ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံအဝှမ်းတွင် ဇွန်(၉)ရက်၊ နံနက်(၆)နာရီက တစ်ပြိုင်တည်း ထုတ်ပြန်ပေးလျက်ရှိရာ စစ်ကိုင်းမြို့ တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ကျောင်းသား/ကျောင်းသူများ ကြည့်ရှုခဲ့ ကြသည်။

ဗန်းမော်မြို့တွင်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ဖန်ခါးကုန်းစစ်ရှောင်စခန်း၌ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၉ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

မအူပင်မြို့တွင် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ထုတ်ဝေသည့် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကျင်းပရာ တိုးရွှေဝါခန်းမတွင် ဖြန့်ဝေခဲ့ကြသည်။

ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၄၁၈ ဦးရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ကျိုင်းတုံမြို့ရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ စာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ထုတ်ပြန်ကြေညာထားရှိရာ ဝင်ရောက်ဖြေဆိုခဲ့သောကျောင်းသားကျောင်းသူ ၂၈၀ ဦးတွင် ၂၁၅ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ၈၀.၃၁ ရာခိုင်နှုန်းဖြေဆိုအောင်မြင်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မဟာအောင်မြေမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆို ကျောင်းသား၊ ကျောင်းသူ ၈၀.၃၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to