နွားထိုးကြီးမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်များ ခင်းကျင်ပြသ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဥ်သွားလာမှု များပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း တောင်တွင်းကြီး နိုဝင်ဘာ ၁၄ အေးမိုးမိုးမြင့်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း အသိပညာဗဟုသုတများရရှိစေရန်၊ စာကြည့်တိုက်သို့ ဝင်ထွက် သွားလာတတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ  ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထား သတိရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အကြို အခြေခံမူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးTalk  Show ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk  Show ကိုယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ သဘာဝမိခင်အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝမိခင်အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
Subscribe to