စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူ စားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းပြုလုပ်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၄၈ ဒသမ ၁၉ ရာခိုင်နှုန်း အောင်မြင်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ သံတောင်ကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၄၈ဒဿမ၁၉ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ (Community Centre)ခန်းမ၌ ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် ကလေးသူငယ် အကြမ်းဖက်မှု ကာကွယ်‌ရေး အသိပညာပေး Talk Showကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

လောက်ကိုင်မြို့ နားလီကျေးရွာ အ.မ.က ကျောင်းသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ  ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်‌နေ့နံနက်ပိုင်းက ထင်ပါကျိုင်းကျောရွာအုပ်စု၊ နာလီကျေးရွာ အ.မ.က ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် (အ-ထ-က) သရက်ချောင်းကျောင်းစာစစ်ဌာန ကြော်ငြာသင်ပုန်းတို့တွင် ယနေ့နံနက် ၆နာရီအချိန်က တစ်ပြိုင်တည်းထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆) နာရီအချိန်မှစတင်ကာ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/ သူ (၆၂)ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆) နာရီအချိန်မှစတင်ကာ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/ သူ (၆၂)ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၆၅.၁၇ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့န့နက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က-၁ တို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူများ၊ မိဘများလာရောက်ကြည့်ရှုခဲ့ကြပြီး ၆၅.၁၇ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ( ၆၅.၄၄% )ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ စာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူး ရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ သဲကုန်းမြို့နယ်၌ အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၅၅. ၁၇ ရာခိုင် နှုန်းရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Subscribe to