အရာတော် ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ခဲ့ရာ (၅၆) ရာခိုင်နှုန်းကျော် အောင်မြင်ကြောင်း သိရသည်။
အရာတော်မြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ (၁၂) ဦး၊ အလွတ် ဖြေဆိုသူ (၅၉) ဦး စုစုပေါင်း (၇၁) ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၄၀) ဦးရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲမှ လေးဘာသာဂုဏ်ထူးရှင် (၂) ဦး၊ သုံးဘာသာဂုဏ်ထူး ရှင် (၂) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၇) ဦးရှိပြီး အောင်ချက်ရာနှုန်း (၅၆ ဒဿမ ၃၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
မြို့နယ်ပြန်/ဆက်