မိုင်းရယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၇၉ ဒသမ ၃၁ ရာခိုင်နှုန်းရရှိ

မိုင်းရယ် ဇွန် ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အခြေခံပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ(ကျောင်းပြင်ပဖြေ)ကို ကျောင်းသား/ကျောင်းသူ ၂၉ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် ရာခိုင်နှုန်း ၇၉ ဒသမ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများတွင် သုံးဘာသာ ဂုဏ်ထူးထွက်ရှိသူ ၁ ဦး၊ နှစ်ဘာဂုဏ်ထူးထွက်ရှိသူ ၂ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးထွက်ရှိသူ ၄ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၆ ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းရယ်မြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၈၅ ဦးတွှင် ၄၆ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၁၂ ရှိကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)