၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်အောင်မြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိသူ (၂)ဦး ရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၇၃.၈၆%) ရှိ

မြန်အောင် ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၅)ဘာသာ ဂုဏ်ထူးရရှိသူ(၂)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၇၃.၈၆%) ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုတွင် ဝင်ရောက် ဖြေဆိုသူ (၄၄၀)ဦးရှိရာ အောင်မြင်သူဦးရေ (၃၂၅)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၇၃.၈၆ %) ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်အောင်မြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၂) ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၅၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၈၃)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၇)ဦး၊ အင်္ဂလိပ်စာ (၁)ဦး၊ သင်္ချာ (၁၀)ဦး၊ ဓာတုဗေဒ (၁၀)ဦး၊ ရူပဗေဒ(၂၀)ဦး၊ ဇီဝဗေဒ (၁၈) ဦး၊ ပထဝီ(၈၆)ဦး၊ သမိုင်း(၅၃)ဦး၊ ဘောဂဗေဒ (၁၃၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။

ဝင်းဗိုလ် (ပြန်/ဆက်)