ရွှေဘို ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိင်ငံလုံးတွင် ဇွန်လ (၉) ရက်နေ့၌ ထုတ်ပြန်လျက်ရှိရာ ရွှေဘိုခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း(၆၆.၄၈) အောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကိုရွှေဘိုမြို့ နယ်ပညာရေးမှူးရုံးနှင့်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရှိရသည်။
ရွှေဘိုခရိုင်အတွင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျား(၂၇၆)ဦး၊ မ(၃၆၄)ဦး စုစုပေါင်း(၆၄၀)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား(၂၃၀)ဦး၊ မ(၃၁၃)ဦး စုစုပေါင်း(၅၄၃)ဦး ဝင်ရောက်ဖြေဆိုပြီး၊ ဘာသာစုံဂုဏ်ထူးရှင်(၂)ဦး၊ ၅ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ ၄ဘာသာဂုဏ်ထူးရှင်(၁၆)ဦး၊ ၃ဘာသာဂုဏ်ထူးရှင်(၁၆)ဦး၊၂ ဘာသာဂုဏ်ထူးရှင်(၂၄)ဦး၊တစ်ဘာသာဂုဏ်ထူးရှင်(၆၄)ဦး၊ ရိုးရိုးအောင်(၂၃၀)ဦး၊ စုစုပေါင်းအောင်မြင်သူ(၃၆၁)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၆၆.၄၈)အောင်မြင်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)