ကွတ်ခိုင် ဇွန် ၉
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက်(၄:၀၀)နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထွက်ရှိခဲ့ပါသည်။
ကွတ်ခိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုကျောင်းသား/သူ (၈၅)ဦး၊ ပြင်ပမှ ဖြေဆိုသူ (၅၅)ဦးနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၁၀၄)ဦး အောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၇၄ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးနှင့်အောင်မြင်သူ စုစုပေါင်း(၂၇)ဦးရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာန များ၏ အောင်စာရင်းများကို မြန်မာအသံရေဒီယိုအစီအစဉ်မှလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)